အတွေးကောင်းတယ်ဆိုရင် ချီးကျူးစရာတစ်ခု အနေနဲ့ ယူဆကြပါတယ်။ ဥာဏ်ပညာမြင့်မြတ်ခြင်းရဲ့ လက္ခဏာတစ်ခုလို့လည်း မြင်ကြပါတယ်။ ဒါပေမယ့် အတွေးရှင်းတာကိုတော့ ဒီလောက်ထိ အလေးထားပြောကြတာ မတွေ့ရတတ်ဘူး။ ကွာခြားမှုက ဘာလဲ။ အတွေးရှင်းတာဟာ အတွေးကောင်းတာရဲ့ အစိတ်အပိုင်းတစ်ခုဆိုရင်တော့ အတွေးကောင်းတယ် ဆိုတာရဲ့ နောက်ထဲမှာ အတွေးရှင်းတာလည်း ပါပြီးသွားပြီပေ့ါ။ ဒီနေရာမှာ သီးသန့်လား၊ တစ်စိတ်တစ်ပိုင်းလား ဆိုတဲ့ဝေါဟာရဖွဲ့ဆိုမှုကို အပထားပြီး အတွေးရှင်းပုံရဲ့ ကဏ္ဍလေးကို သီးသန့် ကြည့်ချင်ပါတယ်။ မြန်မာ့သမိုင်းမှာ ငခင်ညိုရဲ့ ဇာတ်လမ်းလေးတစ်ခု ရှိတယ်။ အတိုချုပ်က ပုဂံပျက်သုန်းပြီးကာစ နိုင်ငံငယ်လေးတွေ အားပြိုင်ကြချိန်။ ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက သူ့ပြိုင်ဘက် စစ်ကိုင်းစား အသင်္ခယာစောယွန်းကို လုပ်ကြံဖို့ သူ့ကျွန် ငခင်ညိုကို လွှတ်လိုက်တယ်။ ငခင်ညိုလည်း စစ်ကိုင်းဘက်ကူးပြီးမှ လုပ်ကြံဖို့ အခွင့်မသာသေးလို့ တောထဲမှာ ပုန်းနေရတယ်။ တောထဲ သုံးရက်ကြာအောင် ပုန်းပြီးမှ အသင်္ခယာစောယွန်းရဲ့ နန်းတော်ထဲ ညအချိန် တိတ်တဆိတ်ဝင်လို့ရတယ်။ ဒီလိုဝင်တုန်း အသင်္ခယာစောယွန်း တင်ထားတဲ့ နတ်တင်ပွဲကိုတွေ့တော့ ငတ်နေတဲ့ ငခင်ညိုလည်း အရင်စားရတယ်။ နောက်မှ ...